ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်တောင်ပိုင်းရှိ Preah Sihanouk ကမ်းရိုးတန်းပြည်နယ်၏ အလားအလာကိုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံသူများနှင့် ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး Hean Sahib က Preah Sihanouk ပြည်နယ်သည် အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်နည်းပညာများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စီးပွားရေးနှင့်ရင်နှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေး ကြောင်း၊ အစိုးရအနေဖြင့် Preah Sihanouk ပြည်နယ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအချက်အချာအဖြစ် ပြောင်းလဲပေးရန် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးတွင်ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးသို့ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့်ဥရောပနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ ကြသည်။ တော်ဝင်အစိုးရမှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအထူးအစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြင့် စီမံကိန်း ၂၀၀ ကျော်အား “permits in principle” ပေးအပ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးတွင် Sihanoukville အထူးစီးပွားရေးဇုန် ကိုယ်စားလှယ်မှ ဇုန်အတွင်းရင်းနှီးမြှုပ်နှံခြင်း၏ အလားအလာနှင့်အကျိုးကျေးဇူးများကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။
DOCA(ရန်ကုန်)