ဖြူးမြို့နယ် မူလွန် နတ်ရေကန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

              တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းသားကျောင်းသူများ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၂ ရက် နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ နတ်ရေကန် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အစားအသောက်အပါအဝင် ကုန်စည်များ ဝယ်ယူရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးဆုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါ သည်။

              ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၁၁၅ ဦးတက်ရောက်ကြောင်း၊ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)