ဆိပ်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေး ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကိုးထောင့်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းဈေးဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး ရည်ရွယ်၍ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ အသုပ်မျိုးစုံ ရောင်းချ ရာတွင်လည်း သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကျောင်းမုန့်ဈေးတန်းရောင်းချသူများအနေဖြင့် ကျောင်းဖွင့်ရာသီချိန်တွင် နေ့စဉ်နှင့်အမျှ ဝယ်ယူ စားသုံးနေသည့် ကျောင်းသား၊ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကုန်စည် များပေါ်တွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိ သော ကုန်စည်များကိုသာ ရောင်းချရန်၊ သက်တမ်းလွန်နှင့် မှိုတက်အစားအစာများ မရောင်းချရန်၊ အသုပ်မျိုးစုံရောင်းချရာတွင်လည်း တစ်ခါသုံးလက်အိတ်များသုံးစွဲပြီး ပစ္စည်းများကိုလည်း သန့်ရှင်း သပ်ရပ်စွာ ကိုင်တွယ်အသုံးပြုရန်၊ ယင်မနားစေရန်အတွက် ပလတ်စတစ်အကြည်သားအုပ်ပြီး ရောင်းချ ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)