ပန်းတနော် အ.ထ.က-၂ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပဘညပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရှိ အ.ထ.က-၂ ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေး ဟောပြောခြင်းကို ၁၈.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြသည်၊

စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က  စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉) ပြဌာန်းချက် ပါ စားသုံးသူအခွင့်အရေး(၈)ချက်၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအားလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့် ကြောင်းနှင့် ကုန်စည် ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ စားသုံးသူအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်ဆိုင်ရာများ ထိခိုက်နစ်နာမှုရှိလာ ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် သည့် ကိစ္စရပ်များကို ရှင်းလင်းရာ နစ်နာသည့် စားသုံးသူ၊ စားသုံးသူမိသားစုဝင်၊ စားသုံးသူနှင့် ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ အသင်းအဖွဲ့များက သက်သေခံအထောက် အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း ကိုလည်းကောင်း၊ တိုင်ကြားလာမှုနှင့် စပ်လျဉ်း၍ မှန်ကန်မှု ရှိမရှိကို စိစစ်ခြင်း၊ ပြည်စုံမှန်ကန်မှု မရှိသော တိုင်ကြားမှုကို ပြည်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်း၊ လူထုဆက်သွယ်ရေး နည်းလမ်း နှင့် တိုင်ကြားမှုကို အရေးယူဆောင်ရွက်နိုင်ရန် မှတ်တမ်းယူခြင်း စသော ကိစ္စရပ်များကို ဆောင်ရွက်ပြီး ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှုကို စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ညှိနှိုင် ဖြေရှင်း ဆောင်ရွက်မှုများကို ဥပမာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပီဲး ကျောင်းသား ကျောင်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

DOCA (ဧရာဝတီ)