
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် သမာဓိဆန်စက်လုပ်ငန်းသို့ စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဆန်စက် လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် သမာဓိ ဆန်စက်လုပ်ငန်းအား စပါး ဆန် ကြိတ်ခွဲထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်မှ စပါးသိုလှောင်ထားရှိမှု ကိုမေးမြန်းပြီး ဧည့်မထ စပါး ၅၀၀၀တင် သိုလှောင်ထား ရှိပြီး ဆန် ၁၃၀၀အိတ် ရှိကြောင်းနှင့် စပါးကို နဝလီသာကြိတ်ခွဲနေပြီး၊ တစ်နေ့ကို စပါး၁၅၀၀ကြိတ်၍ ဆန် တန် ၁၀ကျော်ကြိတ်ခွဲ နှင့် ၁လအတွင်း ၃၀၀-၅၀၀ တန်ကြိတ်ခွဲနိုင်ကြောင်း ရန်ကုန်သို့ တင်ပို့မှု မရှိဘဲ နယ်မြေအတွင်း သာရောင်းချကြောင်းနှင့် လက်ကား ဝယ်ယူသူများကို သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချပြီး၊ လက်လီရောင်းချခြင်းလည်း ရှိကြောင်းကိုရှင်းလင်း ပြောပြခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်၍ ပြင်ဆင်မှု လိုအပ်ချက် ရှိပါက သတ်မှတ်ချက်များအတိုင်း လျောက်ထားနိုင်ရန်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)