ဓနုဖြူမြို့နယ်အတွင်း အမှတ်တံဆိတ်ပါ ဗူးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးနှင့်  ဝန်ထမ်း များသည်  ဓနုဖြူမြို့နယ်  အခြေခံစားသောက်ကုန်အရောင်းဆိုင် (၁၃)ဆိုင်မှ  အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီဗူးများ စစ်ဆေးရာ၊  စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြရာတွင် အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့် ဖော်ပြခြင်းရှိ/မရှိ၊ ကုန်စည်အုပ်စု ၈မျိုးအလိုက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစားကို စစ်ဆေးခြင်း၊ ရောနှောဆီများ ရောင်းချခြင်းများ ရှိပါက သတ်မှတ်ချက်များကို လိုက်နာ၍ ဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက် အတိုင်း လိုက်နာရန်နှင့် ၎င်းညွှန်ကြားချက်နှင့်အညီ ဤအမိန့်ကြော်ငြာစာပါ ဖော်ပြရန် အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ကုန်အမှတ်တံဆိတ်ပါ ဗူးသွပ် ဆီများသည် သတ်မှတ်ချက်နှင်အညီရောင်းချသော ဗူးဆီများကို စစ်ဆေးတွေ့ရှိ ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)