တရားမဝင်စီးပွားရေးများအတွက်ကမ္ဘောဒီးယားအစိုးရမှ မှတ်ပုံတင်စနစ်စတင်မိတ်ဆက်

Powered by Drupal

             ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၎င်းတို့၏ လုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် အရင်းအမြစ်များကို အထောက်အပံ့နှင့် လက်လှမ်းမီစေရန် အလွတ်သဘောစီးပွားရေးအတွက် ဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ်အသစ်ကို ၁၆-၁၂-၂၀၂၄ ရက်နေ့က မိတ်ဆက်ခဲ့သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီးဌာန (MISTI)  မှ ကြီးမှူးကျင်းပသည့် ‘Digital Platform for Onboarding the Informal Economy’  တွင်ဝန်ကြီးချုပ် Hun Manet က အွန်လိုင်းမှတ်တင်စနစ်အသစ် အတွက် လျှောက်လွှာများသည် အခမဲ့ဖြစ်ကြောင်းပြောကြားခဲ့သည်။ အလွတ်သဘော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကြောင်း ချဲ့ထွင်မှုများအတွက် အခွင့်အလမ်းများ ဖန်တီးရန်ရည်ရွယ်၍ ပံ့ပိုးမှုများလိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ MISTI ဝန်ကြီးနှင့် အလွတ်သဘောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ Hem Vanndy က  ထိုဒစ်ဂျစ်တယ်ပလပ်ဖောင်းသည် တရားမဝင်စီးပွားရေး များအတွက် ပြဿနာများ ကိုဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များကို တရားဝင်စီးပွားရေး ကဏ္ဍတွင် ပေါင်းစည်းနိုင်သည်အထိ ၎င်းတိုး၏ထုတ်ကုန်စွမ်းအား၊ စီးပွားရေးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။ အွန်လိုင်းပလပ်ဖောင်းသည် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေပြီး လျှောက်ထားသူများသည် အစိုးရ၏ ပံ့ပိုးကူညီမှုအမျိုးမျိုးကိုအလွယ်တကူရယူနိုင်စေရန်၊ ၎င်းတို့၏ လုပ်ငန်းများကို ရေရှည်တည်တံ့စေရန်နှင့် တရားဝင်စီးပွားရေးသို့ ကူးပြောင်းရာတွင် လွယ်ကူချောမွေ့စေသည်ဟု လူမှုစီးပွားသုတေသနပညာရှင် Dr Tech  ကပြောကြားခဲ့သည်။ “The Cambodia Labor Force Survey 2019” အရ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်သားအင်အား ၇.၉ သန်းခန့်ရှိပြီး လုပ်သားအင်အား၏ ၂၁.၅ ရာခိုင်နှုန်းသည်တရားဝင်စီးပွားရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကျန်ရှိသော ၆.၂ သန်းသည် တရားမဝင်စီးပွားရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)