စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၀) ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်နှင့် လောဓမ္မရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအများစုတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသောက်ကုန် တင်သွင်းဖြန့်ဖြူးရောင်း ချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသောက်ကုန်များရောင်းချသော ဆိုင်ရှင်များအနေဖြင့် ကုန် အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ပစ္စည်းများကိုသာ တင်သွင်းရောင်း ချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)