ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန နှင့်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်း ရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၊ ငရုပ်သီးခြောက်ရှည် ဈေးနှုန်းမြင့်တက်လာပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လက်ကျန်နည်းပါးသောကြောင့်ဖြစ်ပါသည်။ ဧည့်မထ (ဒေသဆန်)၊ ငစိန်(ဒေသဆန်)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) တို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ဧည့်မထ (ဒေသဆန်)နှင့်ငစိန်(ဒေသဆန်) ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ မိုးစပါး(အသစ်)ပေါ်ချိန်ဖြစ် ၍ ဖြစ်ပါသည်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှ ဝင်ရောက်မှုများပြား လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

        ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်း ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်း ဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)