ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂.၂၂ ဘီလီယံရရှိခဲ့ပြီး ၂၄.၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၂၄ ရက်နေ့ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရသည်။ အစီရင်ခံစာအရ အထည်ချုပ် ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၉၄ ဘီလီယံ၊ ဖိနပ်ထုတ်ကုန်များတင်ပို့မှုမှ ကန်ဒေါ်လာ ၁.၅ ဘီလီယံနှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁.၇၈ ဘီလီယံ အသီးသီးရရှိခဲ့သည်။ ASEAN+3 Macroeconomic Research Office မှ စီးပွားရေးပညာရှင် Hoe Ee Khor က အထည်ချုပ်၊ ဖိနပ်နှင့်ခရီးသွားကုန်ပစ္စည်း (GFT) ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍဖြစ်ကြောင်းနှင့် ထိုကဏ္ဍတိုးတက်မှုနှုန်းသည် အဆင့်မြင့်ဈေးကွက်များတွင် လူသုံကုန်ပစ္စည်းများဝယ်လိုအားပိုမိုအားကောင်းလာသောကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်ဦးမော့လာကြောင်းပြောကြားခဲ့သည်။ (GFT) ကဏ္ဍသည် အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံခြားဝင်ငွေအများဆုံးရရှိသော ကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပါကဏ္ဍတွင် စက်ရုံပေါင်း ၁,၅၈၃ ခန့်ရှိပြီး အလုပ်သမား ၉၁၃,၀၀၀ ခန့်ရှိကြောင်း အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Source : Khmer Times
DOCA(ရန်ကုန်)