ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေနှင့်သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထ(ဒေသဆန်)၊ ဧည့်မထ (နှံကောက်ဆန်)နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး များမှ ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ မှတ်ပုံတင်ရန်ကျန်ရှိသော ဆန်တန်ချိန်(၂၅)ဆံ့သို လှောင်ရုံများအား MyRoတွင် မှတ်ပုံတင်အမြန်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရှမ်း)