
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် ရောင်းချခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ပုလဲ (MPE)၊ တီစူပါလေဆာ၊ ယူရီးယား (မြင်းပျံ)၊ အစရှိသည့် ဓာတ်မြေဩဇာများကိုရောင်းချသည် ကိုတွေ့ရှိရပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းတွေ့ရှိရ ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများသည် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြပါရှိရေး၊ မသမာသည့်နည်းလမ်းဖြင့် သိုလှောင်ထားခြင်း မရှိစေရေးနှင့် ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထိုနောက် ဓာတ်မြေဩဇာ ရောင်းချသည့် လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)