စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

Powered by Drupal

              ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၉) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

          သင်တန်းဖွင့်လှစ်ရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးမှ သင်တန်းအဖွင့်အမှာစကား ပြော ကြားခဲ့ပါသည်။ ဆက်လက်၍ သင်ခန်းစာများပို့ချရာတွင် ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ  စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်(Vission)၊ ရည်မှန်းချက်(Mission)တာဝန်များ၊ စားသုံးသူ တိုင်ကြားမှု နှင့်ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ သိကောင်းစရာများ အကြောင်း၊ စားသုံးသူ အသိပညာပေးဟောပြောခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း၊ အွန်လိုင်းမှ ဝယ်ယူရာတွင် သိရှိ လိုက်နာသင့်သည့်အချက်များအကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင် စနစ်ဆိုင်ရာများအကြောင်း သင်ကြား ပို့ချခဲ့ပြီး သင်တန်းသား/သူများမှ သင်ခန်းစာများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကာ သင်တန်းအား ၁၆း၁၅ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)