မုဒုံမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း လူငယ်စကားဝိုင်းကျင်းပသည့် အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

မုဒုံမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် လူငယ်စကားဝိုင်းကို (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်လူရွယ်များ၊ သင်တန်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားပြီး ပြင်ပစာပေများကိုဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်း ကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ သင်တန်းသူများမှ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေး၊ ယဉ်ကျေးမှုအမွေထိန်းစို့လေ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် သင်တန်းသူများက အမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)