ကျိုက်မရောမြို့နယ်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့်ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရော မြို့နယ်၊ ပိန်းနဲကုန်ကျေးရွာ၊ အောင်မင်္ဂလာစျေးအတွင်းရှိကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့် ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော E-LAN အမှတ်တံဆိပ် ပန်းကန်ဆေးဆပ်ပြာရည်၊ LUX ရေချိုးဆပ်ပြာရည်၊ Lifebuoy ရေချိုးဆပ်ပြာရည်၊ Goat Milk ရေချိုးဆပ်ပြာ ရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဆပ်ပြာရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)