
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၂၀-၁၂-၂၀၂၄) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၄)ရပ်ကွက်၊ စူပါတော့(ပ်) မုန့်လုပ်ငန်းသို့ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိမရှိ၊ စက်မှုကြီးကြပ် လိုင်စင်လျှောက်ထားမှု ရှိ/မရှိ၊ စည်ပင်လိုင်စင်ရှိ/မရှိ FDA ထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်မရောက်မှီကုန်စည်များနှင့် ဈေးကွက်ရောက်ပြီး ကုန်စည် များတွင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။
DOCA(ကရင်)