စားသုံးသူကာကွယ်ရေးဆိုင်ရာ(Talk Show) ဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

           ၂၀-၁၂-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ခရိုင်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Online ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အေးအေးစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က အွန်လိုင်း Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက် အကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်စုနွေးသီရိမောင်(ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်ထုတ်ပြန်ချက်အကြောင်း၊ အွန်လိုင်းတွင်အခြေခံဆောင်ရွက်ရမည့် အမျိုးအစားများ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစား ရွေးချယ်သတ်မှတ်ထားကြောင်း၊ အွန်လိုင်း မှတ်ပုံတင်ခြင်း လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမှုပုံစံ အကြောင်းကို https://www.ecomreg.gov.mm website တွင် လျှောက်ထားရန်အတွက် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ကြောင်း သိရှိရသည်။              

DOCA(ကရင်)