စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာမြို့ပေါ်ရှိ ဆီကုန်သည်၊ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌  တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများသည် (၁၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စာသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် (၈)ဦးနှင့် ဌာနခွဲတာဝန်ခံများ(၁၂)ဦး၊စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါ သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်း‌ဒေသကြီးဦးစီးမှူးက ပြောကြားရာတွင် ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ရည်ညွှန်းဈေးဖြင့် ရရှိသော စားအုန်းဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးရန် ဌာနက လည်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး ရောင်းချဖြန့်ဖြူးကြရန်နှင့်မြို့နယ်အလိုက်ဆီခွဲတမ်းများကို မျှတစွာ ခွဲဝေရောင်းချ ကြရန်၊ စားသုံးဆီများကို ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          ထို့နောက် တက်ရောက်လာသည့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက မုံရွာမြို့ပေါ်တွင် Door to Door စနစ်ဖြင့် ရောင်းချနေခြင်းနှင့် ပတ်သက်၍ ကြုံတွေ့ရသော အခက်အခဲများ၊ အခြားလုပ်ငန်းလုပ်ဆောင်ရာတွင် တွေ့ရှိရသော အခက်အခဲများအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းအခက်အခဲများနှင့် ပတ်သက်၍  ပြန်လည်ဆွေးနွေးခဲပြီး ဆီကုန်သည်/ ဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းကို နေ့လယ် ၁၂း၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)