စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထောက်ခံချက်မရှိသော စားအုန်းဆီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်/ မြို့ နယ် တာဝန်ခံရုံးများမှ ဝန်ထမ်းများအနေဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်‌ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိ၊ စားသုံးဆီများကိုရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာရောင်းချခြင်းရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင် များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ကွင်ဆင်းဆောင်ရွက်မှုများအနေဖြင့် ကလေးခရိုင်၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ ”အောင်မြင့်မြတ်” စားသုံးဆီရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသော ”မကွေး” အမှတ်တံဆိပ်(ဟင်းရွက်ဆီ)အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိကြောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ “ကိုနွေဦး+ မဖြူ”ကုန်စုံဆိုင်တွင် ရောင်းချနေ သော”Goody” အမှတ်တံဆိပ်(နေကြာဆီ)အား စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏  ထောက်ခံချက်များပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားကြောင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ”ကေသွယ်မင်း” ဆီနှင့်ကုန်မျိုးစုံ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ”Goody” အမှတ်တံဆိပ် ဟင်းရွက်ဆီ (အဆင့်မြင့် သန့်စင်ထားသော စား အုန်းဆီ)ဘူးများနှင့် “Good Choice” အမှတ်တံဆိပ် ဆီဘူးများ တွင်မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော်လည်း FDA ထောက်ခံ ချက်များမပါရှိကြောင်း၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ “K-Mart” စတိုးဆိုင်သို့ “Goody” (အဆင့်မြင့်စားအုန်းဆီ) အားစစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များ ပါရှိကြောင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းတောကျေးရွာ”လှဝင်း”ဆီစက် ဆီကြိတ်ခွဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ဆီစက်ကို ကွင်းဆင်းစစ်ဆေးရာတွင် ပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီ များကို မိရိုးဖလာခွက်ဖြင့် ချိန်၍လည်းကောင်း၊ ကတ္တားဖြင့်ချိန်၍လည်းကောင်း၊ ပုံးများဖြင့်  ချင့်၍လည်းကောင်း၊ ရောင်းချလျက် ရှိကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် FDA ထောက်ခံချက်ရရှိရေးတင်ပြ လျှောက်ထားရန် ဆွေးနွေးခဲ့ပါကြောင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် ”ဝေဝေထွန်း” (ကုန်မျိုးစုံနှင့်စတိုး)ဆိုင်တွင် ရောင်းချနေသော “LOTOUS” (ဟင်းသီးဟင်းရွက်ဆီ)ကို စစ်ဆေး ရာတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာ ဖော်ပြထားကြောင်း ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချစေရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် FDA ထောက်ခံချက် ရရှိပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် သက်ဆိုင်ရာကုမ္ပဏီများသို့ တစ်ဆင့် ပြန်လည် ပြောကြားပေးပါရန်  ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော  လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)