ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည်။ မတ်ပဲကို အစိုဓါတ်နှင့် မြေဆီလွှာအဟာရ အနည်းငယ်သာရှိသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မတ်ပဲ တွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓါတ်စသည့်တို့ အမြောက်အများပါဝင် သောကြောင့် လူသားတို့အတွက် အဟာရတန်ဖိုး မြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး၊ မိုး တွင်းပိုင်းတွင် အနည်းငယ် စိုက်ပျိုးကြပါသည်။ နိုင်ငံခြား ဈေးကွက်ရှိသော သီးနှံလည်းဖြစ်သည်။
မိုးသီးနှံ မတ်ပဲကို ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလ များတွင် ပေါ်ထွက်ပါသည်။ ဆောင်း သီးနှံ မတ်ပဲကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စိုက်ပျိုးကြပါကြောင်း၊ ၊ မိုးသီးနှံ မတ်ပဲ စတင်ထွက် ပေါ်ချိန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်တင်းဝင်တစ်အိတ်လျှင် ပျမ်းမျှငွေကျပ် ၁၁၀,၀၀၀ ဖြစ်ရာ ယခင်နှစ် ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်မှုရှိနေကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်း သတင်းအရ သိရပါသည်။
ယခင်နှစ် မတ်ပဲ တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉၀၅၀၀ ရှိခဲ့ရာ ယခုနှစ်တွင် နှစ်ဆန်း ပိုင်းကစလို့ ဈေးမြင့်လာခဲ့ရာမှ လက်ရှိတွင် ၁၁၀,၀၀၀ ဝန်းကျင်ဖြစ်လာပါကြောင်း၊ မတ်ပဲကို ခွဲခြမ်း ပြုလုပ်၍ မတ်ပဲဘယာကြော်၊ အပင်ပေါက် ဖောက်၍ မတ်ပဲပင်ပေါက်၊ ၎င်းအပင်ပေါက်ကို အချဉ် တည်၍ ပဲပင်ချဉ်အဖြစ် အမျိုးမျိုး ပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေး ကောင်းရနေသော မတ်ပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရ ပါသည်။
DOCA(စစ်ကိုင်း)