ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဒီဇင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း ၄၉ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၁၁ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၄၉ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၀၉ ခု ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ပေါင်းဆန်၊ ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ နှမ်းနက်ရိုးရိုး၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲလွန်း၊ ကုလားပဲလုံးတို့တွင် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးဓာတ် ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်း ကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၉၀ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၆ ခု၊ ဆီနှင့် ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၈၉ ခု၊ သီးနှံဓာတုဓာတ်ခွဲခန်းမှ ၂၀ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ  ၄ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၄၀၉ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)