၂၀၂၅ ခုနှစ်၌ ဆန်၊ သကြားနှင့် ပြောင်း တင်သွင်းမှု ဆိုင်းငံ့ထားရန် အင်ဒိုနီးရှားသမ္မတ ညွှန်ကြား

Powered by Drupal

၁၉။    အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အစိုးရအိမ်တော် (State Palace) ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သော အစိုးရ၏ အစည်းအဝေးတစ်ရပ်၌ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပမှ ဆန်၊ ဆား၊ သကြားနှင့် ပြောင်းတို့အား တင်သွင်းခြင်းကို ဆိုင်းငံ့ထားရန် သမ္မတ Prabowo Subianto က ဝန်ကြီးများသို့ ညွှန်ကြားခဲ့သည်ဟု အင်ဒိုနီးရှား စားနပ်ရိက္ခာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Zulkifli Hasan က အစည်းအဝေးအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း Antara သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရှိရပါသည်။

၂၀။     ၂ နာရီကြာ ကျင်းပခဲ့သော အဆိုပါ အစည်းအဝေး၌ အစိုးရ၏ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသော်လည်း အထက်ပါ ကုန်စည်များ တင်သွင်းမှုနှင့် စပ်လျဉ်း၍ မည်သည့် တင်သွင်းခွင့် ခွဲတမ်းပမာဏကိုမျှ သတ်မှတ်ခဲ့ခြင်းမရှိကြောင်း၊ အစိုးရက ဝယ်ယူမည့် စပါးဈေးနှုန်းကို လက်ရှိ ၁ ကီလိုဂရမ်လျှင် ရူပီးယား ၆၀၀၀ နှုန်းမှ ၆၅၀၀ နှုန်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ပြောင်းသီးနှံ ဝယ်ယူရေးအတွက် စံပြုဈေးနှုန်း သတ်မှတ်ချက်ကို လည်း ၁ ကီလိုဂရမ်လျှင် ရူပီးယား ၅၀၀၀ နှုန်းမှ ၅၅၀၀ နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

၂၁။     အစိုးရသည် ကြိတ်ခွဲခြင်းမပြုရသေးသော စပါးနှင့် ပြောင်းတို့ကို အဆိုပါ မြှင့်တင်သတ်မှတ် သည့် ဈေးနှုန်းများဖြင့် တောင်သူများထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ တောင်သူများ၏ ရိတ် သိမ်းရရှိသည့် သီးနှံများကို နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီဖြစ်သော BULOG ကုမ္ပဏီ၊ ပင်မ သမဝါယမအသင်းအဖွဲ့များနှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ထုတ်ပေးခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများ၏ သိုလှောင်ရုံများတွင် ထားရှိသိုလှောင်မည်ဖြစ် ကြောင်း ဝန်ကြီး Zulkifli က ပြောကြားခဲ့သည်။

Source: The Edge Malaysia, 31 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)