ပဲဇောင်းလျားပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲဇောင်းလျားအသီးကို ပြုတ်၍သော်လည်းကောင်း၊ သုတ်၍သော်လည်းကောင်း၊ သီးစုံဟင်းချက်၍သော်လည်းကောင်း၊ အချဉ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။
ပဲဇောင်းလျားမြစ်သည် လူတိုင်းစားသုံးကြသည့် ပဲမြစ်ပင်ဖြစ်ပါသည်။ ပဲဇောင်းလျားပင်ကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ရက် (၉၀)အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ပြည်မြို့ပေါ်ဈေးများတွင် တောင်သူများမှ ပဲဇောင်းလျားသီး အတောင့် (၁၀၀)လျှင် ကျပ် (၂၀၀၀-၂၅၀၀)ကျပ်တို့ဖြင့်သွင်းရပြီး ပြန်လည်ရောင်းချရာတွင် အတောင့် (၁၀၀)လျှင် အကြီး၊ အသေးခွဲ၍ (၃၀၀၀-၃၅၀၀-၄၀၀၀) တို့ဖြင့်ပြန်လည်ရောင်းချကြောင်းသိရသည်။ ပဲဇောင်းလျားသီး အမြစ်ကျသွားလျင် ပဲမြစ်တူးဖေါ်၍ ရောင်းချလို့ရသဖြင့် အမြစ်အထိ ဝင်ငွေရရှိသည့်အတွက် စီးပွားဖြစ်အကျိုးဖြစ်ထွန်းစေ၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)