MyRo တွင်မှတ်ပုံတင်နိုင်ရေး ဆန်သိုလှောင်ရုံးများအား မြေပြင်ကွင်းဆင်း အသိပညာပေးခြင်း

Powered by Drupal

            (၂၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စပါးဆန် သိုလှောင်ရုံမှတ်ပုံတင်ခြင်ဆိုင်ရာMyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

            မအူပင်ခရိုင်တွင် ဆန်ဆိုင်ပျမ်းမျှ (၃၀)ကျော်ရှိပြီး စပါးဆန် သိုလှောင်ရုံမှတ်ပုံတင်ခြင်ဆိုင်ရာ အမိန့်ကို အမိန့်အမှတ် ၈၂/၂၀၂၄ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊  ဆန်ဆိုင်တွင် တစ်နေ့ ရောင်းချနေမှုဆန်အိတ်အရေအတွက်၊ ဆန်ဝယ်ယူထားရှိမှု ဆန်အိတ်အရေအတွက်၊ ဆန်အမျိုး အစားအလိုက် ဈေးနှုန်းများကို ကြည်ရှုစစ်ဆေးပြီး  ဆန်တန် ၂၅တန်နှင့်အထက် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူ MyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်သည်။ မူလခွင့်ပြုထားသည့် စာရင်းအချက်အလက် များပြုပြင်ပြောင်းလဲလိုပါက သတ်မှတ်ချက်နှင့် အညီလျောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ လစဉ်ဖြည့်သွင်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန် ကျန်ရှိနေသေားသော သိုလှောင်ရုံများရှိပါက ထပ်မံပါဝင်နိုင်ရေး အသိပေးနိုးဆောင်ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို အကျယ်တဝင့် ရှင်းလင်းမြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA( ဧရာဝတီ )