![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_2.png?itok=MyJsaL7q)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မတ္တရာ၊ တံတားဦးမြို့နယ်များ၌ ကွမ်းကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးမြို့သို့ ကျောက်ဆည်၊ မတ္တရာ၊ တံတားဦးမြို့နယ်များ
မှ ကွမ်းနုဝါများဝင်ရောက်လျက်ရှိပြီး လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ယခုအချိန်တွင် ကွမ်းနုဝါများကို မန္တလေးမြို့နယ်အတွင်းသာ ဖြန့်ဖြူးရောင်းချလျက် ရှိပါကြောင်း၊ ကွမ်းအထွက်နှုန်းမှာ မိုးရာသီတွင်လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းနည်းပါးလျက်ရှိကြောင်း၊ “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူ နှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး” စာဆိုကဲ့သို့ ကွမ်းအမျိုးအစားအနေဖြင့် ကွမ်းနုဝါမျိုး ကိုသာ စိုက်ပျိုးကြပါကြောင်း သိရှိရပါသည်။
မန္တလေးမြို့နယ်အတွင်းဖြစ်ပေါ်နေသော ကွမ်းနုဝါဈေးနှုန်းမှာ ဒီဇင်ဘာလ ဒုတိယပတ် တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀၀-၂၇၀၀၀ ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ တတိယ ပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀၀-၃၀၀၀၀ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပါ ကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလဈေးနှုန်းမှာ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀-၂၅၀၀၀ ဖြင့် လည်းကောင်း၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ဈေးနှုန်းမှာ လမ်းပမ်းဆက်သွယ်ရေး အခြေအနေများကြောင့် ဝယ်လိုအားများပြီးရောင်းလိုအားနည်းပါးပါသဖြင့် ဈေးနှုန်းများမြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)