စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများTalk Show ကျင်းပပြုလုပ်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှမှ ပြည်သူများအား အသိပညာဗဟုသူတများတိုးပွား စေရန်နှင့် သတင်းအချက်အလက်များ စဉ်ဆက်မပျက်သိရှိနိုင်ရေးအတွက် ဆွေးနွေးပွဲများ၊ စကားဝိုင်း များနှင့်   Talk Show  ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အမရပူရမြို့နယ်တာဝန်ခံအရာရှိ  ဒေါ်အိအိထွေးမှ စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ  သိရှိနိုင်စေရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင်ပြီး မိမိတို့ရရှိမည့်အခွင့်အရေးများကို သိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူ များ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည်အချက်များ ဥပဒေနှင့် အညီလိုက်နာဆောင်ရွက်မှုမရှိပါက ရင်ဆိုင်ရမည့် ပြစ်မှုပြစ်ဒဏ်များ၊ နစ်နာမှုများအတွက်  တိုင်ကြား နိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)