စက်ရုံ/အလုပ်ရုံများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီး အလိုက် ဟောပြောခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်၍ (၂၀-၁၂-၂၀၂၄) ရက်နေ့တွင် မန္တလေး မြို့၊ အမရပူရမြို့နယ်ရှိ စက်ရုံ/အလုပ်ရုံများတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များအား သိရှိလိုက်နာဆောင်ရွက်ပြီး စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ မိမိတို့ထုတ်လုပ် သည့် ကုန်ပစ္စည်းများတွင်ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ပါရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီလည်း ဆောင်ရွက်သွားစေရေးနှင့် လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(မန္တလေး)