
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းမှာရှိသော SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် (၁၂.၁၂.၂၀၂၄) ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်၊ မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MDCCI) ရုံးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ SMEs လုပ်ငန်းရှင်(၄၁)ဦးနှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်ဟုသိရပါသည်။ အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)မှ မိမိတို့လုပ်ကိုင်နေကြသော SMEs လုပ်ငန်းများနှင့် ပတ်သက်၍ ဖွံဖြိုးတိုးတက်အောင် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှာရှိတဲ့ SMEs လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ပါကြောင်း၊ SMEs လုပ်ငန်းများအတွက် ခွဲဝေရရှိသည့် စားအုန်းဆီများကိုလည်း အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါ ကြောင်း၊ လုပ်ငန်း၏တိုးတက်ထုတ်လုပ်မှုအရ စားအုန်းဆီလိုအပ်ချက်များရှိခဲ့ မည်ဆိုလည်း လိုအပ်သောအထောက်အထားများနှင့် တင်ပြစစ်ဆေးဆောင်ရွက်မှုခံယူပြီးမှသာ ခွဲတမ်းပိုမိုရရှိ ရေးကိုစိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက်ရောက်လာသူများ မှလည်း မိမိတို့လုပ်ငန်းအောင်မြင်ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အဖက်ဖက်မှလိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် SMEs လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအား နေ့လည် ၁၆:၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)