
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်မှစ၍ မြို့ပေါ်ရှိကုန်စုံဆိုင်များအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲ တပ်ဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစားအသောက်နမူနာကောက်ယူ ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစားအသောက်နမူနာကောက်ယူခြင်းကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်း၍ ဒေသထွက်ကုန်များအား နမူနာ ကောက်ယူခြင်း၊ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွား ရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ် အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့်ပါဝင်မှုနှုန်း၊ အချိုးအစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေးဘေးထွက် ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ ဌာနများမှဖော်ပြရန် သတ်မှတ်ထားသောအချက်များ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးကြပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဆက်လက်ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ရောင်းချကြ ရန်နှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်နှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်စေရေး၊ ပြဌာန်းထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်မှုပြီးစီးကြောင်းသိရသည်။
DOCA(မန္တလေး)