မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၇၈၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၃၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၅၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၃၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၂၇၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၅၅၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၆၈၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၇၅၀၀၊ ဂျုံနီတစ်တင်း ကျပ် ၃၅၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၂၅၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၂၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၂၅၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၄၉၅၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၁၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၄၉၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၅၈၀၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၂၈၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၂၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၇၀၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၂၀၀၀၊ ပြောင်းဖြူတစ်တင်းကျပ် ၁၃၆၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းကျပ် ၅၂၀၀၀၊ နှမ်းနီ တစ်တင်းကျပ် ၅၂၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၆၅၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၆၂၀၀၀၊ မြေပဲလုံး ဆံနီ တစ်ပိဿာ ကျပ်၃၉၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၀၀၀၊ ပဲဖတ် တစ်ပိဿာကျပ် ၁၆၆၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၁၇၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၉၈၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေး နှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)