
စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တ ရာယ်ကင်းရှင်စေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး ဘေးအန္တရာယ်ရှိစေသော ကုန်စည်များစျေးကွက် အတွင်းမှပပျောက်သွားစေရန်တို့အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေး အဖွဲ့တို့ပူးပေါင်း၍ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်တွင်လည်းကောင်း ၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် စဉ့်ကိုင်မြို့ ၊ မြစ်သားမြို့ နှင့် တံတားဦးမြို့တို့တွင်လည်းကောင်း၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြင်ဦးလွင်မြို့တို့တွင်လည်းကောင်း စျေးကွက်အတွင်းရှိ အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့သို့စစ်ဆေးရာတွင် စျေးကွက်အတွင်း လူကိုအန္တရာယ်ဖြစ်စေနိုင်မှုများသည့် ကုန်ပစ္စည်း(၄၄)မျိုးများအား ဦးစားပေး၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းများအားကုန်ပစ္စည်းအမျိုးအစားအလိုက် လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိရပါသည်။
DOCA(မန္တလေး)