ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဒီဇင်ဘာလ တတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ၊ လိမ္မော်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပျားလိမ္မော် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ တောပန်းသီးကျွတ် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊စတော်ဘယ်ရီ တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ဂျပန် စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ယာကွန်ဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ထောပတ်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၅၀၀)ကျပ် ထိ၊ထောပတ်သီး (Hass) တစ်ကီလိုလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ (၂၈၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ် ထိ၊ မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ တည်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ သစ်ကြားသီး တစ်လုံးလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ထိ၊ထိုင်ဝမ် ဗောက်သီး တစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)