ယခု ဒီဇင်ဘာလ (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၁၃၃၊ မန္တလေး သို့ အိတ်ရေ ၆၆၅၄၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၅၅၇၁၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၀၁၈၊ မိတ္ထီလာသို့ အိတ်ရေ ၈၃၇၅၊ တောင်ငူသို့ အိတ်ရေ ၁၇၉၅၊ ပဲခူးသို့အိတ်ရေ ၄၂၁၅၊ မကွေး အိတ်ရေ ၁၉၁၀၊ ဘားအံသို့ အိတ်ရေ ၁၀၇၀၂၊ ကချင် သို့ အိတ်ရေ ၉၂၅၊ မွန် သို့ အိတ်ရေ ၈၅၂၀၊ ပြည်သို့ အိတ်ရေ ၄၉၀၊ ဧရာဝတီသို့ အိတ်ရေ ၆၁၅၊ ကရင်သို့ အိတ်ရေ ၃၇၀၊ ဓနုဖြူသို့ အိတ်ရေ ၂၉၅ အိတ် စုစုပေါင်း အိတ်ရေ (၁၆၁၆၃၅) အိတ်၊ တန်အား ဖြင့် (၈၀၈၁) စီးထွက်ခဲ့ပြီး ယခု ဒီဇင်ဘာလ (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 63917၊ မန္တလေး သို့ အိတ်ရေ ၆၆၀၁၄၊ နေပြည်တော်သို့ အိတ်ရေ ၂၉၆၄၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၃၂၆၊ ကျောက်ပတောင်းသို့ အိတ်ရေ ၅၁၉၅၊ မိတ္ထီလာသို့ အိတ်ရေ ၉၀၇၁၊ တောင်ငူသို့ အိတ်ရေ ၇၇၀၊ ပဲခူးသို့အိတ်ရေ ၅၅၁၀၊ ဘားအံသို့ အိတ်ရေ ၁၂၆၉၅၊ ကချင် သို့ အိတ်ရေ ၇၀၁၂၊ မွန် သို့ အိတ်ရေ ၁၅၈၄၅၊ ပြည်သို့ အိတ်ရေ ၆၄၀၊ ဧရာဝတီသို့ အိတ်ရေ ၁၁၃၅၊ မကွးသို့ အိတ်ရေ ၄၂၅၃၊ မြိတ်သို့ အိတ်ရေ ၇၆၀ အိတ်၊မူဆယ်သို့ အိတ်ရေ ၁၈၀ စုစုပေါင်း အိတ်ရေ (၂၀၆၂၈၇) အိတ်၊ တန်အား ဖြင့် (၁၀၃၁၄) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၄၄၆၅၂) အိတ်၊ တန်အားဖြင့် (၂၂၃၃)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)