ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) နှင့် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) တို့သည် ၂၀၂၅ ခုနှစ်တွင် လယ်ယာဖွံ့ဖြိုးရေးနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ခြင်း (CAFÉ-2025) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ (CAFÉ-2025) အစီအစဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာဈေးကွက်သို့ မြှင့်တင်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာရှိသောစိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကိုထိရောက်စေမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ဝန်ကြီး Dith Tina က ကမ္ဘောဒီးယားနိုင်ငံရှိ (FAO) ကိုယ်စားလှယ် အဖွဲ့အား ပူးပေါင်း ဆောင်ရွက်မှုအတွက်ကျေးဇူးတင်ရှိကြောင်းနှင့် (CAFÉ-2025) သည် အနာဂါတ် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေကြောင်းပြောကြားခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍ သည် စာနပ်ရိက္ခာဖူလုံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုတိုးတက်စေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ပံ့ပိုးရာတွင် အလွန်အရေးကြီးကြောင်းထပ်မံပြောကြားခဲ့သည်။ ဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတကာဈေးကွက်သို့ မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ၏အလားအလာကို ရင်းနှီးမြှုပ်နှံမှုများအတွက် ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (CAFÉ-2025) အစီအစဉ်များကို ဆက်လက် ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)