ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့တင်ပို့မှုမှ ဒေါ်လာ ၁.၅ ဘီလီယံကျော် ရရှိ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သီဟိုဠ်စေ့တန်ချိန် ၈၁၅,၀၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ ၁.၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) က ၂၂-၁၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ဥက္ကဋ္ဌ Uon Silot က ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သီဟိုဠ်စေ့တန်ချိန် ၈၅၀,၀၀၀ ထုတ်လုပ်ခဲ့ပြီး  ၂၆.၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းပြောကြားခဲ့သည်။ သီဟိုဠ်စေ့တင်ပို့မှုမှာမြင့်တက်နေပြီး နိုင်ငံ တစ်ဝှမ်းရှိ အသင်းဝင်များအား ဈေးနှုန်းများကျဆင်းနေချိန်တွင် အခြောက်လှမ်းရန် တိုက်တွန်း ထားကြောင်းပြောကြားခဲ့သည်။  ဈေးနှုန်းများသည် မတ်လအလယ်မှဧပြီလတွင် ပြန်လည် ကောင်းမွန်လာပြီး နောက်ပိုင်းလများတွင် ဆက်လက်မြင့်တက်ခဲ့သည်။ သီဟိုဠ်စေ့ကဏ္ဍသည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုရရှိလျက်ရှိပြီး မကြာသေးမီက တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီကြီး (၅) ခုသည် နိုင်ငံတကာဈေးကွက်သို့တင်ပို့ရန်အတွက် Kampong Thom ပြည်နယ်တွင် သီဟိုဠ်စေ့ထုတ်စက်ရုံတည်ထောင်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။ CAC သို့ လာရောက်သည့်ကုမ္ပဏီများသည် သီဟိုဠ်စေ့ကုန်ကြမ်း အမြောက်အများဝယ်ယူရန် စိတ်ဝင်စားသူများဖြစ်ကြောင်း Uon Silot ကပြောကြားခဲ့သည်။ Kampong Thom ပြည်နယ်မှ ဟက်တာ ၁၅၀,၀၀၀ ကျယ်ဝန်းသော သီဟိုဠ်စေ့စိုက်ခင်းများ သည်နှစ်စဉ် ၂၂၀,၀၀၀ တန်ထွက်ရှိပြီး တစ်ဟက်တာလျှင် ပျမ်းမျှ ၁.၅ တန်ထွက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် စုစုပေါင်းထွက်ရှိမှု၏ ၃၀ ရာခိုင်းနှုန်းရှိကြောင်းသိရသည်။ Uneque Noble Trading ကုမ္ပဏီ ၏ ဒါရိုက်တာ Pin Phirom က Kampong Thom ပြည်နယ်တွင် တည်ဆောက်ထားသော ကမ္ဘာ့ဒုတိယအကြီးဆုံး သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့်စက်ရုံသည် တစ်ရက်လျှင်သီဟိုဠ်စေ့တန်ချိန် ၃၀ ခန်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်ပေါင်း ၂၀၀ မှ ၄၀၀ ခန့် ဖန်တီးပေးနိုင်ပြီး၊ ထုတ်လုပ်မှုမှ ကြွင်းကျန်သည့် သီဟိုဠ်စေ့အခွန်များကို ဆီနှင့် ဓါတ်မြေဩဇာအဖြစ်ပြန်လည်အသုံးချမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)