လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ပထမငါးလတာအတွင်း နီပေါနိုင်ငံမှ တင်သွင်းသော ကားများ၏ လေးပုံသုံးပုံခန့်သည် တရုတ်နိုင်ငံမှဖြစ်ကြောင်း နီပေါအကောက်ခွန်ဦးစီးဌာန၏ ဒီဇင်ဘာ လ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ နီပေါနိုင်ငံသည် ဒီဇင်ဘာလလယ်တွင် လျှပ်စစ်ကားစုစုပေါင်း ၄၆၉၇ စီးတင်သွင်းခဲ့ပြီး ယင်းတို့အနက်မှ အစီးရေ ၃၅၉၀ ခန့်သည်တရုတ် နိုင်ငံမှတင်သွင်းခြင်းဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ ၇၆.၄၃ ရာခိုင်နှုန်း ရှိကြောင်း အကောက်ခွန် ဦးစီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ နီပေါနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ကားများတင်သွင်းမှုကို အရှိန်အဟုန်ဖြင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး နီပေါနိုင်ငံ၏ အစိုးရမှလည်းနိုင်ငံအတွင်းရေအားလျှပ်စစ်အသုံးပြုမှုမြှင့်တင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နီပေါနိုင်ငံသည် လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၁၁၇၀၁ စီး တင်သွင်းခဲ့ပြီး ၎င်းတို့အနက် တရုတ်နိုင်ငံမှ အစီးရေ ၈၀၆၅ စီးအားတင်သွင်းခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်အစီးရေ ၄၀၅၀ စီးနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်အစီးရေ ၁၈၀၅ စီး တင်သွင်း ခဲ့ကြောင်း ဌာန၏ထုတ်ပြန်ချက်အရသိရသည်။
DOCA(ရန်ကုန်)