“ သန်လျင်မြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် သန်လျင်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၄၀၀၀)ကျပ်ထိ၊ ဧရာဝတီ ပေါ်ဆန်းတစ်ပြည်လျှင်(၆၀၀၀-၆၈၀၀)ကျပ်၊ ငစိန်အုပ်စု ပုသိမ်ရာကျော်တစ်ပြည်လျှင် (၃၂၀၀-၃၅၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၅၀၀)ကျပ်၊ ယခုပတ်တွင် (၇၅၅၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းမြင့်တက်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံတစ်ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့် (အပု) တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၅၀-၆၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါ သည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အခြေခံစား ကုန်ဈေးနှုန်းများနှင့် အသားငါးဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)