“၂၀၂၄-၂၀၂၅ ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက် (GAP&GHP)နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီး ဌာန ကျွမ်းကျင်ပညာရှင်များမှ ပို့ချသော တောင်သူပညာပေး သင်တန်းပြုလုပ်ခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ၂၀၂၄-၂၀၂၅ ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP&GHP)နည်းစဉ်များအတိုင်း စိုက်ပျိုး စေရန်နှင့် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများတွင် ပို့ရာတွင် တစ်နှစ်ထက် တစ်နှစ်ပိုမိုတင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်းများမှ ပို့ချသော တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၀၉၃၀)အချိန်က လေးကျွန်းမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဇဗ္ဗူဒီပ ဓမ္မဗိဗာန်တော် တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး Bright Light Co.,Ltdမှ ဦးမောင်မြင့်က GAP&GHP နည်းလမ်းများအတိုင်း စိုက်ပျိုးနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

ထို့နောက်သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ်မှ လာရောက်လာသော ပဲတီစိမ်းစိုက်တောင်သူများ အား စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးခိုင်တို့က သင်တန်းပို့ချပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ(လှည်းကူး)မှ ဒုတိယ ညွှန်ကြား‌ရေးမှူး ဦးသန့်စင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ တောင်သူ(၂၄၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)