
၂၀၂၄-၂၀၂၅ခုနှစ် ပဲရာသီတွင် ပဲစိုက်တောင်သူများ စက်မှုဇုံအတွင်းရှိ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တောင်သူများသို့ပညာပေး သင်တန်းပို့ချခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးသင်တန်းပို့ချခြင်းအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ(လှည်းကူး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပဲစိုက်တောင်သူများအနေဖြင့် အဓိကပြဿနာဖြစ်သော ဈေးကွက်အတွင်း ရောင်းချရာတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း၊ ဓာတ်ကျန်ဖြစ်ပေါ်ရသည့် အချက် များသည် ပိုးသတ်ဈေး သုံးစွဲပုံနည်းလမ်း မမှန်ကန်ခြင်းမှာ အဓိကဖြစ်ကြောင်း မှတ်ပုံတင်ထား သောပိုးသတ်ဆေးများကိုသာ စနစ်တကျသုံးစွဲသင့်ကြောင်းနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့်အရည်အသွေးစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့်ရှင်းလင်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီများ ကိုယ်စား မန်နေဂျာ ဦးအောင်သူထွန်းက ပဲတီစိမ်းစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးခိုင်က သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ကျင့်သုံး၍ ပဲတီစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ရေး၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယူရီးယားနှင့်လက်ချားအသုံးပြု၍ ကုန်ကျစရိတ်နည်းသည့်ပဲမျိုးစုံအတွက် တိုးအောင်စိုက်ပျိုး နည်းများ အကြောင်းတို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်က မြေအသုံးချခြင်းဆိုင်အချက်များ၊ ပဲမျိုးစုံဆိုင်ရာ မြေဩဇာများသုံးစွဲခြင်းနှင့် ရေလိုအပ်မှုဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦး က ခေါင်ထောင့်စနစ် ပဲတီရွှေဝါ(ရေဆင်း-၁) မျိုးထိန်းမျိုးစေ့ပွားများ စိုက်ပျိုးနည်းအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ပဲစိုက်တောင်သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)