ဗာဒံစေ့(သို့မဟုတ်)ဗန်ဒါစေ့စျေးနှုန်းဈေးကွက်

Powered by Drupal

 

            မြန်မာနိုင်ငံတွင် ဗာဒံပင်များ အလေ့ကျအများအပြားပေါက်ရောက်လျက် ရှိကြပါသည်။ ဗာဒံပင်ကို အရိပ်ရပင်မျိူးအဖြစ် အိမ်များတွင်အများဆုံး စိုက်ပျိုးကြပြီး ဗာဒံပင်၏ အသီးထဲမှ အဆန်ကို လူတိုင်းစားသုံးရကောင်းမှန်းမသိကြပါ။ ထို့ကြောင့် သိသူဖော်စား မသိသူကျော်သွား ဆိုသလို မသိသူများမရှိအောင် ကျန်းမာရေးအတွက် အရေးပါကြောင်း အများသိရှိအောင် ရေးသားလိုက်ရပါသည်။

             ဗာဒံစေ့ကို ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံ‌တော်မြောက်စောင်းတန်းလမ်းနှင့် စစ်ကဲလမ်း ထောင့်တွင် ဗာဒံသီးများကို အခြောက်ခံထု၍ အဆန်များကို ရောင်းချလျက်ရှိကြောင်း တွေ့ရပါသည်။ ဗာဒံသီးအဆန်များကို နို့ဆီဗူးတစ်ဗူးလျှင် (၂၀၀၀)ကျပ်ဖြင့် ‌ရောင်းချခြင်းများရှိသလို (၁၀၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုးအထိလည်း ရောင်းချကြပါသည်။ ဒေသတွင်းစားသူများကလည်း ဝယ်ယူစားသုံးကြ သလိုနယ်ဘက်မှ လာသောသူများကလည်း ဝယ်ယူသွားကြသည့်အတွက် နေ့စဉ်နေ့တိုင်းဗာဒံစေ့များ အ‌ရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။ ‌ဗာဒံဆီကို ဆံပင်ကျွတ်သူများ အနေဖြင့်လည်း လိမ်းနိုင်ပါသည်။

            ဗာဒံစေ့ ဝယ်/ ရောင်းဒိုင်များကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနားမြို့များတွင် ဖွင့်လှစ်ထားကြောင်းသိရပါသည်။ ဈေးနှုန်းများမှာ ဗာဒံစေ့(အဆန်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ဖြင့်ရောင်းချပြီး တစ်ပိဿာလျှင် ဗာဒံစေ့ (အဆန်) (၃)ထောင် နီးပါး ပါဝင်သည်ဟု သိရပါသည်။ လက်ကားဝယ်ယူသူများအတွက် ပိဿာချိန် (၃၀)အထက် တစ်ပိဿာ လျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အချိန်(၅၀)အထက်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)