နနွင်းတက်အပင်များသည် မိုးတွင်းကာလတွင် အပင်များစတင်ထွက်ပေါ်လာပြီး ဝါဆိုလနှင့် ဝါခေါင်လများတွင်နနွင်းပွင့်များ စတင်ထွက်ပေါ်လာချိန်သာ ဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် နနွင်းတက်များလှိုင်လှိုင်ထွက်ပေါ်လာခြင်းမရှိသော်လည်း ယခင်နှစ်ကထွက်ရှိလာသည့် နနွင်းတက်များကို ကုန်သည်များမှ ပွဲရုံများသို့ရောင်းချထားသည့်နနွင်းတက်အဟောင်းများသာ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ နနွင်းတက်ပေါ်ချိန် မဟုတ်သည့်အတွက် ဈေးနှုန်းမှာ ယခင်လများဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်ကြောင်းသိ ရပါသည်။ နနွင်းတက်ဈေးမှာ ယခင်အပတ်တွင် နနွင်းတက်အကြီး ၁ပိဿာလျှင် (၁၄၀၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခုအပတ်တွင် (၁၅၀၀၀)ကျပ် ဈေးနှုန်းရှိပါသည်။ ခြင်ဆေးခွေအဖြစ်အသုံးပြုသည့် နနွင်းတက်အသေးများမှာ ယခင်အပတ်တွင် ၁ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ယခုအပတ်တွင် (၁၀၅၀၀)ကျပ် ဈေးနှုန်းနှင့်ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)