ဘားအံမြို့ဈေးတွင်အရောင်းအဝယ်သွက်နေသည့် ကျောက်ဖရုံသီးဈေးနှုန်း

Powered by Drupal

              ကျောက်ဖရုံသီးကို ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းရှိ ကျောက်ဖရုံသီးများသည် ဒေသထွက်ကျောက်ဖရုံသီးများရှိသလို မိတ္ထီလာဘက်မှဝင်ရောက်လာသည့် ကျောက်ဖရုံသီးများလည်းရှိသည်။ ကျောက်ဖရုံသီးကို ဒီအတိုင်ကြိတ်၍သောက်ခြင်း၊ ဟင်ချို(သို့)ဟင်ရောဟင်းများ ချက်ပြုတ်စားခြင်း၊ ကျောက်ဖရုံသီးယိုထိုးစားခြင်းတို့ ပြုလုပ်စားသုံးနိုင်သည်။ ကျောက်ဖရုံသီးသည် လူတို့၏ခန္ဓာကိုယ် ရေဓာတ်ကိုထိန်းညှိပေးပြီး ဆီးရွှင်စေရုံသာမက ဆီးကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ကျောက်ဖရုံသီးများကို ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ ကျောက်ဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀၊၅၀၀၀) ကျပ်၊ ကျောက်ဖရုံသီး အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀၊၃၅၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)