ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်းတရုတ်ခရီးသွားဝင်ရောက်မှု ၅၄.၅ ရာခိုင်နှုန်းအထိမြင့်တက် လာခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားသို့ တရုတ်ခရီးသွား ၇၆၉,၇၇၅ ဦးဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလအတွင်း ၄၉၈,၇၇၅ မှ ၅၄.၅ ရာခိုင်နှုန်းတိုးလာသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လ အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာခရီးသွားစုစုပေါင်း ၆ သန်းဝင်ရောက်မှု၏ ၁၂.၈ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားများဖြစ်သည်။ တရုတ်ခရီးသွားများတိုးပွားလာမှုသည် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီး နိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး Hout Hak ကပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းတင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကဏ္ဍကို ပံ့ပိုးပေးနေသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ခရီးသွာလာရေး ဝန်ကြီးဌာန၏အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာလုံးအတွင်း နိုင်ငံတကာခရီးသွား ၅.၄၅ သန်း ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၀၈ ဘီလီယံ ရရှိခဲ့ကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)