ကမ္ဘောဒီးယားနိုင်ငံ၏ ရာဘာရောင်းရငွေသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၄၀ ရရှိသော်လည်း ဈေးကွက်လိုအပ်ချက်များကိုလေ့လာရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျှော့ချရန်နှင့် ပြည်သူများအတွက် အမှန်တကယ်စီးပွားရေးအကျိုးအမြတ်များကို ပေးဆောင်နိုင်ရန် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ ဝန်ကြီး Dith Tina က ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ရာဘာကဏ္ဍတာဝန်ရှိသူများကို တိုက်တွန်းထားခဲ့သည်။ ဝန်ကြီးမှ ဘက်ဂျက်အစီအစဉ်၊ ဘက်ဂျက်အသုံးပြုမှုနှင့် အညွှန်းရလာဒ်အားလုံးကို မျှော်မှန်းထားသည့် အစီအစဉ်များနှင့် နှိုင်းယှဉ်ဆွေးနွေးမှုများတွင်ပါဝင်ရန် တာဝန်ရှိသူများကို ဆက်လက်တောင်းဆို ခဲ့သည်။ ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အမှန်တကယ်စီးပွားရေးအရ ထိရောက်မှုရှိသောရင်းနှီးမြှုပ်နှံမှုနှင့်ထုတ်လုပ်မှုအစီအစဉ်များဖြင့် ခိုင်မာသောအုပ်စုတစ်ခုအဖြစ် တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲများကိုအလေးထားဆောင်ရွက်ရန် ဝန်ကြီးကဆက်လက် တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စုစုပေါင်းရာစိုက်ခင်းပေါင်း ၄၂၅,၄၃၃ ဟက်တာရှိပြီး ၅၂ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးစက်မှု ရာဘာစိုက်ခင်းအဖြစ်သတ်မှတ်ထားပြီး ကျန် ၄၂ ရာခိုင်နှုန်းသည် မိသားစုတစ်ပိုင်တစ်နိုင်ရာဘာစိုက်ခင်းများဖြစ်ကြောင်းနှင့် စုစုပေါင်းစိုက်ခင်း ဧရိယာ ၇၈ ရာခိုင်နှုန်းသည် လက်ရှိတွင်ရိတ်သိမ်းရန်အဆင်သင့် ဖြစ်နေကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)