ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ၂၄-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ ကမ္ဘောဒီးယားစက်ဘီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း ၂၀ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း လျှပ်စစ်စက်ဘီး အပါအဝင် စက်ဘီးတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၅.၇ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ အမေရိကန်ဒေါ်လာ ၄၆၈ သန်းမှ ၁၉.၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘောဒီးယားနိုင်ငံတွင် ထုတ်လုပ်သည့် စက်ဘီးများကို ဉရောပနိုင်ငံများ၊ အမေရိကန်နှင့် ကနေဒါတို့အပါအဝင် အခြားနိုင်ငံများသို့ အဓိကရောင်းချခဲ့ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် ဈေးကွက်အသေချာမရေရာမှုများနှင့် ပို့ကုန်များ ကျဆင်းလာခြင်းကြောင့် ဝယ်ယူမှုအမှာစာများသိသိသာသာလျော့ပါးသွားကြောင်း ထပ်မံ ပြောကြားခဲ့သည်။ စက်ဘီးများသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကထုတ်ကုန်များထဲမှ တစ်ခုဖြစ်ပြီး အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားပစ္စည်းများ၊ ကာတာယာ၊ ဆန်၊ ရာဘာ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီး၊ သရက်သီးနှင့် Longans (တောင်ဆိတ်သီး) စသည့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများဖြစ်ကြောင်း Penn Sovicheat ကမှတ်ချက်ပြုခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယား နိုင်ငံအတွင်း စက်ဘီးထုတ်လုပ်သည့် စက်ရုံ (၅) ရုံရှိပြီး ၎င်းတို့အားလုံးသည် Svay Rieng ပြည်နယ်၊ Bavet မြို့တွင်တည်ရှိကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)