သီရိမင်္ဂလာဈေးကြီးတွင် နေ့စဉ်ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့်ပန်းများ ဝင်ရောက်မှုအခြေအနေ

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ စတုတ္တပတ်ထိ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံ့တေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ နေ့စဉ်ဟင်းသီးဟင်းရွက် ကုန်ချိန် ပိဿာပေါင်း (၇၀၀၀၀) ကျော်မှ (၁၁၀၀၀၀၀) ကျော်ဝင်ရောက်ကြောင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မန္တလေး၊ မှော်ဘီ၊ တိုက်ကြီး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံ့တေး၊ထားဝယ်၊  ကြံခင်းတို့မှ နေ့စဉ်သစ်သီးများ ကုန်ချိန်ပိဿာပေါင်း (၁၅၀၀၀၀) မှ (၁၉၀၀၀၀) ကျော်ဝင်ရောက်ကြောင်းနှင့် တရုတ်၊ ဟဲဟိုး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံ့တေး၊ကော့မှူး၊ ညောင်တုန်း၊ နေပြည်တော်တို့မှ နေ့စဉ်ပန်းများ ကုန်ချိန်ပိဿာ(၄၀၀၀၀) ကျော်မှ (၅၀၀၀၀) ကျော်ဝင်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)