တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကံသကြားစက်ဖွင့်ပွဲအား ၂၀.၁၂.၂၀၂၄ ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် ဥက္ကံသကြားစက်(ပင်မစက်ရုံ)ဖွင့်လှစ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ စက်ရုံတာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါး ရာသီကို ၂၀.၁၂.၂၀၂၄ မှစတင်ကြိတ်၍ (၃၁.၁.၂၀၂၅)ရက်နေ့၌ ကြိတ်ဝါးရာသီပြီးဆုံးပါမည်။ စက်ရုံမှ ကြံစိုက်ပျိုးတောင်သူများအတွက် ၂၀၂၄-၂၀၂၅ ကြံရာသီတွင် စိုက်စရိတ်ချေးငွေ (၁)ဧကလျှင် စိုက်ပျိုးချိန်၌ (၃၀၀၀၀၀)ကျပ်၊ ဘောင်လုံးချိန်(အပင်ပြုစုချိန်)တွင် (၁၅၀၀၀၀) ကျပ်၊ စိုက်ဧက (၁)ဧကလျှင် (၄၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေစာချုပ် ချုပ်ဆိုဆောင်ရွက် ပေးကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)