
၂၃.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ Regency ဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ရာ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုရန်၊ စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဖြန့်ဖြူး ရောင်းချခြင်းများရှိ/မရှိကို စစ်ဆေးခဲ့ရာ စက်သုံးဆီများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်လည်း ရောင်းချပါကြောင်း၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းများလည်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ သိုလှောင်ထားခြင်းများမပြုကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)