အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (ABO) ဆိုသည်မှာ Amway Business Owner ကိုပြောကြားခြင်းဖြစ်သည်။ Amway သည်နိုင်ငံတကာတွင် လက်လီလက်ကား ရောင်းချခြင်း၊ သဘာဝအခြေခံကျန်းမာရေးနှင့် အလှအပထုတ်ကုန်များကိုရောင်းချရာတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ABO ဆိုသည်မှာ Amway ၏ အရောင်းလုပ်ငန်းကို တရားဝင်စတင် ထားသော အချင်းချင်းလုပ်ငန်းရှင်များကို ဆိုလိုသည်။
ABO ဆိုင်ရာလုပ်ထုံးလုပ်နည်းပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာကွင်းဆက်တွင် ဆောင်ရွက်နေသည့် အကောက်ခွန်ဦးစီးဌာနမှ တရားဝင် အသိအမှတ်ပြုထားသော ကုမ္ပဏီ (သို့) အဖွဲ့အစည်းကို ဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် ABO အစီအစဉ်ကို ၂၀၁၅ ခုနှစ်လောက်တွင် စတင်ခဲ့ပြီး လက်ရှိ ABO အသိအမှတ်ပြုလက်မှတ်ရရှိ သည့် ကုမ္ပဏီတစ်ခုသာရှိသေးကြောင်းသိရှိရပါသည်။ ABO အစီအစဉ်မှာ ကုန်တင်ပို့တင်သူ များ ၊ ကုန်တင်သွင်းသူများ လျှောက်ထားနိုင်ပြီး Level နှစ်မျိုးခွဲခြားထားကာ အကောက်ခွန် နှင့် ဆက်စပ်ဥပဒေများကို ABO Level-one အဖြစ်သတ်မှတ်၍ International Trade Supply Chain Security ပိုင်းဆိုင်ရာ အစီအမံတွေပါ ကောင်းမွန်တဲ့ ကုမ္ပဏီ/အဖွဲ့အစည်းတွေတော့ ABO Level– two အဖြစ် သတ်မှတ်ထားကြောင်းသိရပါသည်။ ABO ဖြစ်နိုင်တဲ့ အဖွဲ့အစည်း တွေကတော့ ကုန်တင်ပို့တင်သူ ၊ တင်သွင်းသူများ ၊ အကောက်ခွန်နှင့် ကုန်စည်ဝန်ဆောင်မှု ပြုလုပ်သူများနှင့် သိုလှောင်ဖြန့်ဖြူးသူများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ABO အသိ အမှတ်ပြုခြင်းခံရသည့် ကုမ္ပဏီ /အဖွဲ့အစည်းများအနေဖြင့် အကောက်ခွန်ကြေငြာလွှာများကို ဦးစားပေးအဆင့်အနေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရရှိခြင်း၊ ကုန်ပစ္စည်းမရောက်မီ သွင်းကုန်/ ထုတ်ကုန်ကြေငြာလွှာများကို ကြိုတင်တင်သွင်းခွင့်ရရှိခြင်းမည်ဖြစ်ကြောင်း သိရှိ ရပါသည်။ လျှောက်ထားရာမှာ သတ်မှတ်ထုတ်ပြန်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီရမည်ဖြစ်ပြီး လျှောက်ထားမည်ဆိုပါက လျှောက်လွှာပုံစံများကို အကောက်ခွန် ဦးစီးဌာန လမ်း ၅၁ နှင့် မဟာဗန္ဓုလလမ်းထောင့် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ရှိ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဌာနခွဲ ABO ဌာနတွင် ထုတ်ယူ လျှောက်ထား နိုင်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)