
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စပါးကို အဓီကထားစိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးမှု ဧက ၂၄၂၀၂၃ စိုက်ပျိုးကြောင်း သိရသည်။ မအူပင်မြို့နယ် ပေါ်ဆန်းစပါး(၅၀)ပေါင် ကွင်းဈေး ၂၅၀၀၀ကျပ်၊ စက်ဈေး ၂၅၂၀၀ကျပ်၊ စပါး(၄၆)ပေါင် ကွင်းဈေး ၂၃၀၀၀ကျပ်၊ စက်ဈေး ၂၃၂၀၀ကျပ်နှင့် ပေါ်ဆန်းဆန် (၁၀၈)ပေါင် လတ်စ ငွေကျပ် ၁၀၃၀၀၀၊ ထိပ်စ ၁၀၅၀၀၀ကျပ်ဈေးပေါက်နေကြောင်း၊ ဆင်းသုခ စပါး (၅၀)ပေါင် ကွင်းဈေး ၁၈၀၀၀ကျပ်၊ စက်ဈေး ၂၀၀၀၀ကျပ်၊ စပါး(၄၆)ပေါင် ကွင်းဈေး ၁၆၅၀၀ကျပ်၊ စက်ဈေး ၁၈၄၀၀ကျပ်နှင့် ဆင်းသုခဆန် (၁၀၈)ပေါင် လတ်စ ငွေကျပ် ၇၄၀၀၀၊ ထိပ်စ ၇၆၀၀၀ကျပ် ရောင်းချကြောင်း သိရသည်။
ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူ မြို့နယ်တို့တွင် ဆင်းသုခ စပါး (၅၀)ပေါင် ကွင်းဈေး ၁၈၇၅၀ကျပ်၊ စက်ဈေး ၁၉၂၅၀ကျပ်၊ စပါး(၄၆)ပေါင် ကွင်းဈေး ၁၇၂၀၀ကျပ်၊ စက်ဈေး ၁၇၇၀၀ကျပ်နှင့် ဆင်းသုခဆန် (၁၀၈)ပေါင် လတ်စ ငွေကျပ် ၇၃၀၀၀၊ ထိပ်စ ၇၅၀၀၀ကျပ် ရောင်းချကြောင်း နိုဝင်ဘာလ စတုတ္ထပါတ် ဈေးဖြင့် နှိုင်းယှဉ်ကြည့်ပါက ပေါ်ဆန်း စပါး ၇၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၉၀၀၀ကျပ်၊ ဈေးမြင့်တက်လာပြီး၊ ဆင်းသုခ စပါး/ဆန်တို့မှာ တည်ငြိမ်လျက်ရှိကြောင်း စပါး/ဆန်ဈေးနှုနး်များကို အပါတ်စဉ် ဈေးနှုန်းကောက်ယူလျှက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပါတ်စဉ်တင်ပြလျက်ရှိပြီး ယခုဈေးနှုနးများကို ဆန်စက်နှင့် ဆန်အရောင်း ဆိုင်များမှ ကွင်းဆင်းလေ့လာသိရှိရသည်။
DOCA(ဧရာဝတီ)